Choose a region

A Globe iconGlobal

ကိုယ်ပိုင်အချက်အလက် လုံခြုံမှု မူဝါဒ

ကိုယ်ပိုင်အချက်အလက် လုံခြုံမှု မူဝါဒ - Say Hello app

နောက်ဆုံးအကြိမ် ပြင်ဆင်ဖြည့်စွက်မှု – ၂၀၁၈ ခုနှစ် သြဂုတ်လ ၇ ရက်

ဤကိုယ်ပိုင်အချက်အလက်လုံခြုံမှု မူဝါဒ (ပေါ်လစီ) ၏ အကျုံးဝင်မှုအတိုင်းအတာ

ဤပေါ်လစီ စာမျက်နှာသို့ ရောက်ရှိလာခြင်းမှာ သင့်အနေဖြင့် (၁) ကျွန်တော်တို့၏ Say Hello app ကို install ပြုလုပ်ရန် သို့မဟုတ် (၂) သင်၏ အနီးရှိ စင်တာ (center) များတွင် အခမဲ့ အင်္ဂလိပ်စာ ဝန်ဆောင်မှုများ၊ လေ့လာသင်ကြားမှုဆိုင်ရာ အကြံဉာဏ်များနှင့် သင်တန်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို သိရှိရယူနိုင်ရန်အတွက် ကျွန်တော်တို့အား သင်၏ အချက်အလက် (data) များကို သင့်နိုင်ငံရှိ Wall Street English အော်ပရေတာ (operator) (သင်တန်းကျောင်းလုပ်ငန်းဆောင်ရွက်သူ) ထံသို့ လွှဲပြောင်းပေးရန်အတွက် တောင်းဆိုချက် (request) ပြုလုပ်ရန် ပြင်ဆင်နေခြင်းကြောင့် ဖြစ်ပါသည်။ (“သင်တန်းဆိုင်ရာ အကြောင်းအရာများ အသိပေးချက် (marketing notification) များကို ရယူရန် တောင်းဆိုချက်”)

အသုံးပြုရသည့် ရည်ရွယ်ချက်

သင်၏ ပံ့ပိုးပေးလိုက်သော အချက်အလက် (“Data”) များသည် သင့်အား app ကို ဝင်ရောက် အသုံးပြုနိုင်စေရန်နှင့် သင်၏ အင်္ဂလိပ်စာ လေ့လာသင်ယူမှုကို အကူအညီပေးနိုင်ရန် အလို့ငှာ ၎င်းနှင့် အံဝင်ခွင်ကျ ချိတ်ဆက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် WSE Hong Kong Limited ၏ အချက်အလက်သိုလှောင်မှုစနစ် (database) တွင် သိမ်းဆည်းထားမည်ဖြစ်ပါသည်။ သင့်အနေဖြင့် သင်၏ အချက်အလက် (data) များကို သင့်နိုင်ငံရှိ Wall Street English အော်ပရေတာ (operator) (သင်တန်းကျောင်းလုပ်ငန်းဆောင်ရွက်သူ) ထံသို့ လွှဲပြောင်းပေးရန် သဘောတူသည့်အလျောက် ကျွန်တော်တို့ အနေဖြင့် အောက်တွင် အကျယ်တဝင့် ရှင်းလင်းတင်ပြထားသည့်အတိုင်း သင်၏ အချက်အလက်များကို ‌ သင့်နိုင်ငံရှိ Wall Street English အော်ပရေတာ (operator) ထံသို့ လွှဲပြောင်းပေးမည် ဖြစ်ပါသည်။

သင်၏ အချက်အလက်များကို ကျွန်တော်တို့ အဘယ်ကြောင့် အသုံးပြုနေရပါသနည်း

ကျွန်တော်တို့ အနေဖြင့် သင်၏ ခွင့်ပြုချက်‌ကြောင့်သာ သင်၏ အချက်အလက်များကို အသုံးပြုနေခြင်း ဖြစ်ပါသည်။ သင့်အနေဖြင့် သင်၏ခွင့်ပြုချက်ကို မည်သည့်အချိန်တွင်မဆို ပြန်လည်ရုပ်သိမ်းနိုင်ကြောင်းကို ဂရုပြု သိရှိထားစေလိုပါသည်။

မည်သည့်အချက်အလက်များကို ကျွန်တော်တို့ အသုံးပြုနေပါသနည်း

  • ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ (Contact details) – အမည် (first name and last name) ၊ အီးမေးလ်လိပ်စာ (email address) ၊ ဖုန်းနံပါတ် ၊ နိုင်ငံ
  • အင်္ဂလိပ်စာအဆင့် (English level)
  • App နှင့် ချိတ်ဆက်အသုံးပြုမှုများနှင့် App နှင့် သက်ဆိုင်သည့် သတင်းအချက်အလက် စာတိုများ (မက်ဆေ့ချ်များ) (messages)
  • App အသုံးပြုနေသည့် သုံးစွဲသူ၏ တည်နေရာကို သိရှိခွင့်ပြုသည့် Geolocation လုပ်ဆောင်ချက်
  • (Geolocation) – geolocation ခွင့်ပြုချက် ကို ခွင့်ပြုပေးထားသူများ အတွက်သာ

သင်၏ အချက်အလက်များကို ကျွန်တော်တို့ အနေဖြင့် မည်သူတို့နှင့် ဝေမျှအသုံးပြုမည်နည်း

သင်၏ အချက်အလက်များကို app အား ပြုပြင်ထိန်းသိမ်းရန်နှင့် အခက်အခဲ ပြဿနာများ ‌ဖြေရှင်းခြင်း (troubleshoot) အတွက် ကျွန်တော်တို့၏ IT အဖွဲ့များက အသုံးပြုမည်ဖြစ်ပြီး အရည်အသွေးကောင်းမွန်သည့် app သုံးစွဲမှု အတွေ့အကြုံကို ရရှိစေရန်နှင့်

သင်၏ အင်္ဂလိပ်စာ တိုးတက်မှုကို ကူညီပေးနိုင်ရန်အတွက် သင်၏နေရာဒေသအတွင်းရှိ ပွဲများ၊ လှုပ်ရှားဆောင်ရွက်မှုများ (events) နှင့် ဝန်ဆောင်မှုများ (services) တို့ကို သင့်အား အသိပေးရန် တို့အတွက် ကျွန်တော်တို့၏ marketing အဖွဲ့များက အသုံးပြုမည်ဖြစ်ပါသည်။ ထိုအဖွဲ့များသည် မတူညီသော Wall Street English အုပ်စု၏ ကုမ္ပဏီ (group companies) များတွင် သီးခြား ရှိနေကြမည်ဖြစ်ပါသည်။ (အောက်တွင် ကြည့်ပါ*)

ကျွန်တော်တို့အနေဖြင့် app ကို အထိုင်ချထိန်းသိမ်းရန် (host လုပ်ရန်) နှင့် စီမံခန့်ခွဲရန်တို့အတွက် ပြင်ပမှ ဝန်ဆောင်မှု ပြုလုပ်ပေးသူ (third-party provider) များကို အသုံးပြုပါသည်။ ထိုဝန်ဆောင်မှု ပြုလုပ်ပေးသူများသည် အချိန်နှင့်လိုက်ပြီး အပြောင်းအလဲရှိသောကြောင့် ၎င်းတို့အကြောင်းကို ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ ကျွန်တော်တို့သသသစစကို ဆက်သွယ်ပေးပါ။

သင်၏ အချက်အလက်များကို သင့်နိုင်ငံရှိ Wall Street English အော်ပရေတာ (operator) သို့

ပို့ပေးသွားမည်ဖြစ်ပါသည်။ ထိုအချက်အလက်များသည် အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခု ဖြစ်နိုင်ပါသည်။

  • Argentina: Education Group S.A. – Reconquista 617, Piso 1º, Buenos Aires, Argentina
  • Chile: Centro de Estudios Tecnológicos de Inglés Limitada - Avda. Apoquindo 5142, Las Condes, 7560940 Santiago de Chile, Chile
  • Colombia: Sistemas y Procesos Avanzados de Enseñanza, S.A., Carrera 7, n. 74-56, oficina 101, Edificio Corficaldas, Bogotá, Colombia
  • Ecuador: LEICESTER S.A., Avda. Orellana 923 y 6 de Diciembre (esquina Pichincha), Quito, Ecuador
  • Hong Kong: WSI HKG Holding Ltd, P.O. Box 173, Kingston Chambers, Road Town, Tortola, British Virgin Island
  • Indonesia: PT Wahana Semesta Ilmu, 30th Floor, Ratu Plaza Office Tower, Jl. Jend. Sudirman Kav. 9, Jakarta, 10270, Indonesia
  • Israel: UMIAT LTD, P.O. Box 8069, G Mall, Kfar Saba 4418001, Israel
  • Italy: WSE Italy SRL – Viale Abruzzi, 94 – 20131 – Milan, Italy
  • Malaysia: Big Ben Conglomerate Sdn. Bhd - B-8-7, Megan Avenue II, Jalan Yap Kwan Seng, 50450 Kuala Lumpur, M
  • Mexico: What You Say, S.A. - C. Julio Verne 29, Polanco V Sección, 11560, Miguel Hidalgo, Ciudad de México
  • Mongolia: WSE Mongolia LLC, A/A Purevdash Jalbuu, Zaluu Mongol Tower, 6th Floor, Chinggis Avenue – 26, Khan Uul District, 1st Region Ulaanbaatar, Mongolia
  • Myanmar: MS ENGLISH PTE LIMITED, 69B Boat Quay #03-00, Singapore, 049857 Singapore
  • Peru: Miducom Perú, S.A., Mr. Juan Eugenio Colin, Owner, Calle Las Oropendolas 110, Corpac, San Isidro, Lima 27, Perú
  • Russia: International School of English Language Premium – Viktorenko dom 5, stroenie 1, 124167 Moscow, Russia
  • Saudi Arabia: Ansam for Language Teaching & Training Co. Ltd., Reem Building, next to Al-Wateen Center, First Floor, Al-Rawdah Street, Al-Rawdah District, 21423 Jeddah, Saudi Arabia
  • Spain: WSE Franchising Spain, S.L. - Avinguda Diagonal, 523, Planta Baja, 08029, Barcelona, Spain
  • Tunisia: Top Skills SA, Immeuble NEO, Rue Lac Loch Ness, Berges du Lac, 1, 1053 Tunis, Tunisia
  • Turkey: EKSEN Egitum Kurumlari A.S. – Büyükdere Caddesi, 15/A Sisli, Istanbul, Turkey
  • Venezuela: WSI Piloto, S.A., Avda. Francisco de Miranda , Edif. EASO, Planta Baja, Local 7 , Urbanización El Rosal, Caracas, Venezuela

 

အသုံးပြုသော အချက်အလက်များကို ထိန်းသိမ်းသည့် ကျွန်တော်တို့၏ ပေါ်လစီ (retention policy)

App ကို သင်၏ မိုဘိုင်းဖုန်းတွင် သွင်းထား (install ပြုလုပ်ထား) သည့် ကာလအတွင်းတွင် ကျွန်တော်တို့ အနေဖြင့် သင်၏ အချက်အလက်များကို ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ uninstall ပြုလုပ်ပြီးနောက် သို့မဟုတ် အသုံးပြုခြင်းမရှိတော့သည်မှာ ခြောက်လကြာမြင့်ပြီးနောက်တွင် သင်၏ အချက်အလက်များကို သုံးနှစ်ထက်မပိုသော ကာလအထိ ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ ထိုသို့ထိန်းသိမ်းထားရခြင်းမှာ app ကိုပြန်လည်အသုံးပြုသည့်အခါ (install ပြန်လုပ်သည့်အခါ) (reinstallation ပြုလုပ်သည့်အခါ) မျိုးတွင် ကျွန်တော်တို့ အနေဖြင့် အရည်အသွေးကောင်းမွန်သည့် သုံးစွဲမှု အတွေ့အကြုံကို ပေးအပ်နိုင်ရန်နှင့် app သုံးစွဲမှု အတွေ့အကြုံကို တိုးတက်စေခြင်းနှင့် အင်္ဂလိပ်စာ လေ့လာသင်ယူမှုဆိုင်ရာ အကြုံပြုချက်များ၊ ပွဲများ လှုပ်ရှားမှုများ (events) သို့မဟုတ် ဝန်ဆောင်မှုများ (services) များနှင့် ဆက်စပ်သည့် မက်ဆေ့ချ်များကို ပေးပို့ခြင်းတို့အတွက် အထောက်အကူအဖြစ် app သုံးစွဲမှုကို စိစစ်သုံးသပ်မှုများ (analyzes) ပြုလုပ်ရန်တို့အတွက် ဖြစ်ပါသည်။

ဆက်သွယ်ရန်

ကျွန်တော်တို့၏ ကိုယ်ပိုင်အချက်အလက် လုံခြုံမှု မူဝါဒ (ပေါ်လစီ) နှင့် ပတ်သက်၍ မေးခွန်းတစ်ခုခု ရှိပါက သို့မဟုတ် ဥပဒေ ပြဋ္ဌာန်းချက်အရ ရရှိပိုင်ဆိုင်ထားသော သင်၏ အခွင့်အရေး (statutory right) များကို ကျင့်သုံးလိုပါက အောက်ပါလိပ်စာသို့ ရည်ညွှန်း၍ အချိန်မလင့်စေဘဲ ကျွန်တော်တို့ထံသို့ ဆက်သွယ်နိုင်ပါသည်။

အချက်အလက် ကာကွယ်‌စောင့်ရှောက်ရေး အရာရှိ (Data Protection Officer)

WSE Hong Kong Limited

Rm. 2608, W50

50 Wong Chuk Hang Road

Hong Kong

သို့မဟုတ် privacy@wallstreetenglish.com သို့ email ပေးပို့၍ ကျွန်တော်တို့ထံသို့ ဆက်သွယ်နိုင်ပါသည်။

ဥရောပစီးပွားရေးဧရိယာ (EEA) အတွင်းရှိ နိုင်ငံတစ်ခုချင်းစီအတွက် အထူးမှတ်ချက်

(Special note to individuals in the EEA)

ကိုယ်စားလှယ် (Representative) ။          ။ ဥရောပသမဂ္ဂ အထွေထွေဒေတာ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း (GDPR) နှင့် ကိုက်ညီကြောင်း သေချာစေရန်အတွက် ကျွန်တော်တို့၏ EU ကိုယ်စားလှယ်ကုမ္ပဏီ Franchise Support & Services, S.L., စပိန်ကုမ္ပဏီ (Spanish company) ၊ Tax ID B60662533 ရှိ ကျွန်တော်တို့၏ အချက်အလက်ကာကွယ်စောင့်‌ရှောက်ရေး အရာရှိ (Data Protection Officer) ကို သင့်အနေဖြင့် ဆက်သွယ်နိုင်ပါသည်။ မှတ်ပုံတင်ထားသည့် လိပ်စာ (registered address) အဖြစ် Carrer Tuset 20-24 5o 3a, Barcelona 08006, Spain. ကိုအသုံးပြုနိုင်ပါသည်။

EEA ပြင်ပတွင် အချက်အလက်လွှဲပြောင်းပေးမှုများ ။          ။ အထက်တွင် ဖော်ပြထားသည့်အတိုင်း (“သင်၏ အချက်အလက်များကို ကျွန်တော်တို့ အနေဖြင့် မည်သူတို့နှင့် ဝေမျှအသုံးပြုမည်နည်း” ကို ကြည့်ပါ) ကျွန်တော်တို့သည် သင်၏ အချက်အလက်များကို EEA ပြင်ပသို့ လွှဲပြောင်းပေးကောင်း ပေးနိုင်ပါသည်။ ကျွန်တော်တို့၏ အုပ်စုကုမ္ပဏီများ (group companies) (အောက်တွင်ကြည့်ပါ*) နှင့် ပြင်ပမှ ဝန်ဆောင်မှု ပြုလုပ်ပေးသူ (third party provider) များ (EEA တွင် အခြေတည်ထားသော်လည်း EEA ပြင်ပတွင် တဆင့်ခံလုပ်ငန်းလွှဲပြောင်းပေးထားသူ (sub-contractor) များရှိနေသည့် အဖွဲ့အစည်းများ) သို့ လွှဲပြောင်းပေးနိုင်ပါသည်။ ဤသို့ လွှဲပြောင်းပေးရခြင်းသည် app ကို စီမံခန့်ခွဲနိုင်ရန်အတွက် လိုအပ်ကြောင်းနှင့် “ရည်ညွှန်းဖော်ပြခြင်းခံရသူ” (data subject) အနေဖြင့် သင်၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကို ထိခိုက်မှုမရှိစေကြောင်း ကျွန်တော်တို့အနေဖြင့် နားလည်သဘောပေါက်ပါသည်။ အချက်အလက် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အပိုဒ်ခွဲ (Clauses) များကို လက်မှတ်ရေးထိုးခြင်း အားဖြင့် ကျွန်တော်တို့အနေဖြင့် EEA ပြင်ပတွင် ပြုလုပ်သည့် သင်၏အချက်အလက်များကို လွှဲပြောင်းပေးမှု (transfer)အားလုံးအား သင့်တော်သည့် အကာအကွယ် (safeguard) များ အောက်တွင်ပြုလုပ်ထားကြောင်းကို သေချာစေမည်ဖြစ်ပါသည်။

သင်၏ အခွင့်အရေးများ ။ ။ GDPR အရ ကျွန်တော်တို့အနေဖြင့် ဥပဒေ ပြဋ္ဌာန်းချက်အရ ရရှိပိုင်ဆိုင်ထားသော သင်၏ အခွင့်အရေး (statutory right) များကို စာရင်းပြုဖော်ပြပေးရန် လိုအပ်ပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ကိုယ်ပိုင်အချက်အလက် (ပုဂ္ဂိုလ်ရေးအချက်အလက်) (personal data) များကို  ဝင်ရောက်ကြည့်ရှု့ရန်နှင့် ပြင်ဆင်ရန် သို့မဟုတ် ဖျက်ပစ်ရန် တောင်းဆိုခွင့်ရှိသည့် အခွင့်အရေး

၂။ ကိုယ်ပိုင်အချက်အလက်များကို သုံးစွဲမှုအား ကန့်သတ်နိုင်သည့် အခွင့်အရေး။ ဤအခွင့်အရေးသည် သင့်အား အောက်ပါအခြေအနေတို့တွင် သင်၏ ကိုယ်ပိုင်အချက်အလက်များကို သုံးစွဲမှုအား ရပ်တန့်ပစ်ရန် ကျွန်တော်တို့အား တောင်းဆိုနိုင်ခွင့်ကို ပေးပါသည်။ (က) သင့်အနေဖြင့် ကျွန်တော်တို့အား သင်၏ အချက်အလက်များကို မှန်ကန်တိကျမှုရှိစေရန် လုပ်ဆောင်စေလိုသောအခါ (ခ) ကျွန်တော်တို့မှ သင်၏ အချက်အလက်များကို သုံးစွဲမှုသည် ဥပဒေနှင့်ဆန့်ကျင်နေသော်လည်း (ဥပဒေနှင့် မညီသော်လည်း) သင့်အနေဖြင့် ကျွန်တော်တို့အား ထိုအချက်အလက်များကို ဖျက်မပစ်စေလိုသောအခါ (ဂ) ကျွန်တော်တို့အနေဖြင့် သင်၏အချက်အလက်များကို မလိုအပ်တော့သည့်တိုင်အောင် သင့်အနေဖြင့် ထိုအချက်အလက်များကို ဥပဒေကြောင်းအရ တောင်းဆိုမှု (legal claim) များအတွက် အမှုတည်ဆောက်ခြင်း၊ လုပ်ပိုင်ခွင့်များကျင့်သုံးခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်းတို့အတွက် လိုအပ်သောကြောင့် ကျွန်တော်တို့အား ထိုအချက်အလက်များကို ဆက်လက် ထိန်းသိမ်းထားစေလိုသောအခါ (သို့မဟုတ်) (ဃ) သင့်အနေဖြင့် ကျွန်တော်တို့မှ သင်၏ အချက်အလက်များကို အသုံးပြုမှုအား ကန့်ကွက်ထားသော်လည်း ၎င်းအချက်အလက်များကို အသုံးပြုရန်အတွက် ကျွန်တော်တို့အနေဖြင့် တရားဝင်ဖြစ်မှု၊ ဥပဒေဘောင်ဝင်မှုတို့ကို ကျော်လွန်နေကြောင်းရှိမရှိကို ကျွန်တော်တို့မှ အတည်ပြု ဆန်းစစ်ရန် လိုအပ်နေသောအခါ။

၃။ ကိုယ်ပိုင်အချက်အလက်များကို သုံးစွဲမှုအား ကန့်ကွက်နိုင်သည့်အခွင့်အရေး။ ကျွန်တော်တို့အနေဖြင့် တရားဝင်ဖြစ်သည့် (ဥပဒေနှင့်အကျုံးဝင်သည့်) အကျိုးအမြတ်ကို ရရှိလိုမှု (legitimate interest) အတွက် ဆောင်ရွက်လုပ်ကိုင်နေသည့်အခါမျိုးတွင် သင့်၌

ထိုသို့ သင့်အချက်အလက်များကို သုံးစွဲနေခြင်းသည် သင်၏ အခြေခံရပိုင်ခွင့်များနှင့် လွတ်လပ်မှုကို ထိခိုက်နေသည်ဟု ခံစားရခြင်းကြောင့် (အထက်ပါ တရားဝင်ဖြစ်သည့် အနေအထားတွင်) သင့်အချက်အလက်များအား ကျွန်တော်တို့မှ အသုံးပြုနေသည်ကို ကန့်ကွက်လိုသည့် အခြေအနေတရပ်ရပ်၊ အကြောင်းအချက်တရပ်ရပ် ရှိနေပါက သင့်အနေဖြင့် ကန့်ကွက်နိုင်ပါသည်။ ကျွန်တော်တို့မှ သင်၏ အချက်အလက်များအား လူအများထံသို့ တိုက်ရိုက် ဈေးကွက်ရှာဖွေရောင်းချခြင်း (direct marketing) အတွက် ရည်ရွယ်၍ သုံးစွဲနေခြင်းကိုလည်း သင့်အနေဖြင့် ကန့်ကွက်နိုင်သည့် အခွင့်အရေးရှိပါသည်။

၄။ အချက်အလက်များကို လွယ်ကူချောမွေ့စွာ ရွှေ့ပြောင်းယူနိုင်သည့် အခွင့်အရေး။ ကျွန်တော်တို့ အနေဖြင့် ကျွန်ုပ်တို့ကို သင်မှ ပေးအပ်ထားသည့် ကိုယ်ရေးအချက်အလက်များအား စနစ်တကျ ပြင်ဆင်စုစည်းထားပြီး အများမှ အလွယ်တကူ အသုံးပြု (ဖတ်ယူ) နိုင်ကာ စက်ကိရိယာများဖြင့် ဖတ်ရှု့၍ရနိုင်သည့် ဖိုင်စနစ် (machine-readble format) ဖြင့် သင့်ထံသို့ သို့မဟုတ် သင်ရွေးချယ်ပေးသည့် ပြင်ပအဖွဲ့အစည်း (Third Party) တစ်ခုထံသို့ ပံ့ပိုးပေးမည်ဖြစ်ပါသည်။

၅။ သဘောတူခွင့်ပြုချက် (consent) အား မည်သည့်အချိန်၌မဆို ပြန်လည်ရုပ်သိမ်းနိုင်သည့် အခွင့်အရေး။ (ပြန်လည်မရုပ်သိမ်းမီအချိန်အထိ သဘောတူခွင့်ပြုချက် (consent) အပေါ်အခြေခံ၍ အချက်အလက်များကို အသုံးပြုထားမှု (processing ပြုလုပ်ထားမှု) များ၏ တရားဝင်ဖြစ်မှု (ဥပဒေနှင့် ကိုက်ညီမှု) (lawfulness) ကို မထိခိုက်စေရပါ)

၆။ ကျွန်တော်တို့မှ သင်၏ ကိုယ်ရေးအချက်အလက်များကို EEA ပြင်ပသို့ လွှဲပြောင်းပေးအပ်သောအခါတွင် ကျွန်တော်တို့အနေဖြင့် GDPR ကို လိုက်နာထားကြောင်းကို ဖော်ပြသည့် စာရွက်စာတမ်း အထောက်အထား (documentation) မိတ္တူအား ရယူနိုင်သည့် အခွင့်အရေး။

အဆိုပါ အခွင့်အရေးများမှ တစ်ခုခုကို ကျင့်သုံးရန်အတွက် privacy@wallstreetenglish.com သို့ အီးမေးလ်ပေးပို့ပါ။ သို့မဟုတ် ကျွန်တော်တို့၏ EU ကိုယ်စားလှယ်၏ လိပ်မူပေးပို့နိုင်သည့် စာတိုက်လိပ်စာ (postal address) ဖြစ်သည့် (Data Protection Officer, Franchise Support & Services, S.L., Carrer Tuset 20-24 5 3a, Barcelona 08006, Spain) သို့ စာရေးသားပေးပို့ပါ။

သင့်အနေဖြင့် သိရှိနားလည်ထားရမည်မှာ ကျွန်တော်တို့မှ သင်၏ အချက်အလက်ကာကွယ်ရေးဆိုင်ရာ အခွင့်အရေးများ (data protection rights) ကို ချိုးဖောက်မိသည်ဟု ယူဆပါက သင့်အနေဖြင့် Spanish Data Protection Agency (www.agpd.es) ဖြင့် တိုင်ကြားလွှာ (complaint) ကို ပေးပို့တင်သွင်းနိုင်သည်ဆိုသည့် အချက်ဖြစ်ပါသည်။

* Wall Street English ၏ group company များမှာ Franchise Support & Services, S.L. (စပိန်ကုမ္ပဏီ) ၊ WSE Italy Srl အီတလီကုမ္ပဏီ ၊ ကုမ္ပဏီ ၊ Wall Street English India Private Limited အိန္ဒိယ ကုမ္ပဏီ တို့ဖြစ်ပါသည်။